Digital Marketing ကိုမဖြစ်မနေ ဘာကြောင့်လုပ်ရမှာလဲ
Written By B360 Team
Digital Marketing မဖြစ်မနေ (1020x500) b360
(Unicode Version) (ZawGyi Version below)
Digital Marketing ကိုမဖြစ်မနေ ဘာကြောင့်လုပ်ရမှာလဲ ❓❓
Digital Marketing ကို ယနေ့ခေတ်မှာ လုပ်ငန်းပေါင်းစုံက လုပ်နေကြတယ်။စီးပွားရေး sector တိုင်းကလဲ လုပ်ဖို့တွန်းအားပေးနေကြပေမယ့် လုပ်ငန်းရှင်တော်တော်များများက ဘာကြောင့်မဖြစ်မနေလုပ်သင့်တယ်ဆိုတာ မစဉ်းစားတတ်ဖြစ်နေကြပါတယ်။ ယနေ့အချက်တွေက
တော့ Digital Marketing ကို မိတ်ဆွေလုပ်ငန်းရှင်တွေအနေနဲ့ ဘာကြောင့် လုပ်သင့်လဲ
Digital Marketing ဆိုတာ expense မဟုတ်ပဲ investment ဆိုတာ အကြောင်းစုံသိစေနိုင်မယ့်
အချက် ၆ ချက် ကို ဖော်ပြလိုက်ပါတယ်။
💯 Brand Development
Business တွေအနေနဲ့Market ထဲကို product or service ကို အချိန်အတိုင်းအတာတစ်ခုအထိ
ပစ်ထည့်ထားပြီးပြီ လူတွေကလဲ ကိုယ့်ကို brand တစ်ခုအဖြစ်မြင်နေပြီဆိုရင် brand အတွက် development program တွေ စသင့်ပါပြီ။ မြင်ယောင်ကြည့်ပါ ကျွန်တော်တို့ရဲ့သမိုင်း၀င် Coca Cola Brand တောင် ယနေ့ခေတ်အထိ Marketing Activities တွေ Digital Marketing Campaign တွေနဲ့ လူတွေရဲ့မျက်စိရှေ့မှောက်က အပျောက်မခံပါဘူး
လတ်တလောလေး 2012 ကမှ စတင်တည်ထောင်တဲ့ Food Panda ဆိုရင်လဲ
အခုဆို နေရာစုံအနှံ့ Digital ကော real world မှာပါ performance branding တွေလုပ်နေတာ
တွေ့ကြမှာပါ။ လုပ်ငန်းရှင်တွေအနေနဲ့ brand တစ်ခုကို consumer တွေလက်ထဲ ပေးပို့ပြီးရင် မျက်စိရှေ့က အပျောက်မခံအောင် လုပ်ဖို့Digital Marketing က အကောင်းဆုံး စွမ်းဆောင်နိုင်ပါတယ်။ Brand Reputation ပိုင်းမှာလဲ ကိုယ့် brand က ဘယ်လို CSR တွေလုပ်နေတယ် ကိုယ့် company , ကိုယ့်လုပ်ငန်းက ဘယ်လိုမျိုး လူတော်လူကောင်းတွေနဲ့brand ကို တည်ဆောက်ပြီး consumers တွေဆီ deliver လုပ်နေတယ်ဆိုတာ ပြသဖို့အကောင်းဆုံး marketing model ဆိုတာ သိသာထင်ရှားနေပါတယ်။
📱Buying Behaviors Changes
Consumers တွေရဲ့buying behaviors တွေဟာ အများအားဖြင့် Digital Channels တွေပေါ်ကနေ
အခြေခံလာလို့ပါ။ Company တစ်ခုမှာ အလုပ်၀င်လုပ်ချင်တာပဲဖြစ်ဖြစ် စားသောက်ဆိုင်တစ်ခုမှာ
သွားစားချင်တာပဲဖြစ်ဖြစ် သက်ဆိုင်ရာ brand ရဲ.့page တွေရဲ. Review, Pages တွေရဲ့Like အရေအတွက်ကို ကြည့်လာကြတယ်။ တကယ်လို့တစ်ခုခု ၀ယ်ဖို့ သုံးဖို့လိုအပ်လာရင်လဲ Google မှာရိုက်ရှာရင် ကိုယ့် business က ထိပ်ဆုံး listမှာ ပေါ်လာမှာကို စောင့်ကြည့်တတ်ကြတဲ့ behaviors တွေဟာ သိသိသာသာ ပြောင်းလဲလာတဲ့ လူတွေရဲ.့digital behaviors တွေပါ။
ဒါတွေကို မိတ်ဆွေကလဲ လုပ်ငန်းရှင်တစ်ယောက်ဖြစ်မယ်ဆိုရင် Digital Marketing ကို အသုံးပြုပြီး
Buying Behaviors တွေအလိုက် customers တွေများများရှာဖို့တွန်းအားပေးသင့်နေပါပြီ။
💲 Affordability
အရင်ခေတ်TV commercial, Billboard ခေတ်တွေမှာ သိန်း ဆယ်ဂဏန်း ရာဂဏန်းပေးပြီး
လူများများဆီ Channel တွေကနေ ရောက်အောင်ပြခဲ့ရပါတယ်။
Digital Marketing ခေတ်မှာတော့ 10$ သုံးပြီး လူ သောင်းနဲ့ချီဆီရောက်အောင်ပြနိုင်မယ်
အဲ့ဒီလူ ၂ သိန်းကလဲ ကိုယ့် product နဲ့ Service အကြောင်းကိုပဲစိတ်၀င်စားတဲ့ သူတွေကို
ရွေးပြနိုင်မယ်ဆိုတာက ယခင် advertising , marketing နယ်ပယ်တွေကို အကြီးအကျယ်ရိုက်ခတ်
သွားစေတဲ့ တိုးတက်မှုပါ။ အဲ့တော့ ငွေနည်းနည်းပဲ ကုန်ကျပြီး ကိုယ့် brand ကို လူများများဆီရောက်
အောင် ပို့မလားဆိုတာထပ် မိတ်ဆွေသာ လုပ်ငန်းရှင် ဖြစ်မယ်ဆိုရင် ပုံမှန်သုံးနေကျ marketing budget အတွက် Digital Marketing ကို investment လုပ်ရင် ကိုယ့်လုပ်ငန်းကို ဘယ်လောက် effective ဖြစ်စေမလဲဆိုတာ စဉ်းစားရမယ့် အရေးကြီးအချက်ဖြစ်ပါလိမ့်မယ်။
💭Demand Prediction
ကိုယ့်ရဲ့ဘယ် product ကို ကြော်ငြာထားတဲ့ ပို့စ်ကတော့ လူကြိုက် ဘယ်လောက်ပဲရှိနေတယ်
ကိုယ့်ရဲ့ဘယ် product က တော့ လူကြိုက်အရမ်းများပြီး chat-box အထိ လာအမေးများနေတယ်
စတာတွေဟာ နောက်ကွယ်က business အတွက်ပါ အသုံး၀င်နိုင်တဲ့ insight တွေပါ။
Digital Marketing ဟာ consumer တွေကို real time brand message တွေ ပေးနိုင်တာတင်
မဟုတ်ပါဘူး မိတ်ဆွေလို လုပ်ငန်းရှင်တွေအတွက် ဘယ် product ကို တော့ market က
Demand ရှိနေတယ် ဘယ် product ကိုတော့ စိတ်မ၀င်စားကြဘူး စတာတွေကို market leader ကျကျ prediction ထုတ်ပေးနိုင်တဲ့ value added marketing model တစ်ခုဖြစ်ပါသေးတယ်။
Real Time Tracking
ကိုယ်က Mandalay က consumer တွေဆီ brand ဖောက်ချင်တယ်။ Brand ပါတဲ့ ကြော်ငြာတွေ
က consumer တွေဆီရောက်သွားတယ်။ ဒါပေမယ့် မနက် ၁၀ နာရီမှာ အကြည့်များကြတာလား
ည ၉ နာရီမှာမှကြည့်တတ်ကြတာလား ကိုယ့် page ကို အများဆုံး လာ engage တာက ရုံးပိတ်ရက်တွေလား ဖွင့်ရက်တွေလား စတာတွေကို အကောင်းဆုံး tracking လုပ်နိုင်တာဟာ
Digital Marketing မှာပဲ ရှိပါတယ်။
💰Huge ROI
ကျွန်တော် လုပ်ငန်းရှင်တွေကို အများဆုံး တွက်ပြဖြစ်တဲ့ ကိစ္စပါ။ ပုံမှန်ဆို ဆိုင်အသစ်ဖွင့်တာပဲဖြစ်ဖြစ်
တန်းခွဲအသစ်တစ်ခု စသင်ချင်တာပဲဖြစ်ဖြစ် marketing message ကို consumer တွေဆီ ပေးပို့တော့မယ်ဆိုရင် offline မှာ လက်ကမ်းစာစောင်ဝေရမယ်
စာစောင်ဝေဖို့printing တွေ အပ်ရမယ် နေ့စားခတွေ ပေးရမယ် event လုပ်သည်ထိကြီးသွားတယ်
ထားအုန်း ဟိုတယ်မှာဖြစ်ဖြစ် ပြခန်းမှာဖြစ်ဖြစ် ကိုယ်လုပ်မယ့် event ကို လူများများဆီ သိအောင်
မကြော်ငြာနိုင်ရင် work-done မဖြစ်ပါဘူး။ ဒီတော့ 10$ လောက်ကို ၅ ရက်သုံးပြီး consumers
များများဆီ ပြမယ် အဲ့ဒီနောက် သင်တန်းအပ်သူ ရာချီ၀င်မယ် ဆိုင်အသစ်ဆီ လူရာချီ ၀င်စားကြတယ်
ဆိုရင် သုံးလိုက်တဲ့ digital platform ပေါ်က ကြော်ငြာခနဲ့ရလိုက်တဲ့ အမြတ် ကာမိတာပါပဲ။
ယခု အချက်တွေကို ကြည့်ပြီး မိတ်ဆွေက ကိုယ့်လုပ်ငန်းကို Digital Marketing သုံးပြီးထပ်တိုးချဲ့ချင်တယ် ဘာလို့ Digital marketing service ကိုလဲ ရင်းနှီးမြှပ်နှံရမှန်း သိင်္ပြဆိုရင် Digital Marketing ကို မှန်မှန်ကန်ကန် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ မြင်လာမိမယ်
မျှော်လင့်ပါတယ်။ နောက်ထပ်လဲ လုပ်ငန်းရှင်တွေအတွက် Digital Marketing နဲ့ Marketing တို့နဲ့ပတ်သက်သမျှ အသုံး၀င် စေမယ့်အချက်အလက်တွေကို ရေးသားပေးပို့သွားမှာဖြစ်လို့ နောက်ရက်တွေမှာ စောင့်ဖတ်ဖို့မမေ့ပါနဲ့ခင်ဗျာ။
Contact Us
----------------
Email: hello@b360.ltd
Phone Number: 09453666696
Address: No.15, Yankin St, Sanchaung Township, Yangon.
----------------------
(ZawGyi Version)
💯 Brand Development
💲 Affordability
💭Demand Prediction
Real Time Tracking
💰Huge ROI
Contact Us
----------------
Email: hello@b360.ltd
inbound lead
Don't Forget to Share this Post
Related Articles