Effective ဖြစ်တဲ့ Facebook Marketing Methods များ

Written By B360 Team
effective-fb-email-size

(Unicode Version) (ZawGyi Version below)

Effective ဖြစ်တဲ့ Facebook Marketing Methods တွေ အသုံးပြုပြီး ကိုယ့်လုပ်ငန်းအပေါ်
ဘယ်လိုပြန်အသုံးချမလဲ ?

အရင်ခေတ်တွေတုန်းက ပွဲစားတွေကို လူတွေဘယ်လိုမြင်ကြလဲ
⚡️ မင်း ရဲ့ရောင်းမထွက်တဲ့အိမ်
⚡️ မင်းရဲ့ရောင်းမထွက်တဲ့ကား
⚡️ မင်းရဲ့ရောင်းမထွက်တဲ့ တိုက်ခန်းတွေ ရောင်းထွက်အောင် လုပ်ပေးမယ်ပြောပြီး အပြောကောင်းတဲ့ သူတော်တော်များလို့ထင်ခဲ့ကြတာမလား
ပြောတဲ့အတိုင်းလဲ တချို့ကတကယ်လုပ်ပေးနိုင်ခဲ့တဲ့အခါ လုပ်ပေးနိုင်ပြီး
တချို့ကလဲ ရောင်းရဖို့အရေးမဖြစ်နိုင်တာတွေ အတင်းပြော ထိုးရောင်းတတ်တဲ့ ပွဲစားတွေလဲ ရှိခဲ့ပါတယ်

ဒီနေ့ခေတ်မှာတော့ ကားပွဲစား အိမ်ပွဲစား အိမ်ခြံမြေပွဲစား တွေအပြင်
လုပ်ငန်းပွဲစားတွေပါ ရှိလာပါပြီ။ အဓိကအားဖြင့် လုပ်ငန်း တစ်ခုကို Marketing ပိုင်းကို ကူညီပေးမယ့် agency တွေပေါ်လာတယ်။ Digital ခေတ်မရောက်ခင်တုန်းက ကြော်ငြာအေဂျင်စီတွေ Billboard , TV ကြော်ငြာအေဂျင်စီတွေ အရင်ရှိကြပါတယ်။မင်းရဲ့Product အကြောင်း မင်း Service အကြောင်းကို ဒီ Channel မှာပြမယ် ဆူးလေဘုရားလမ်းထောင့်က ဘယ် corner ဘုတ်မှာ လူအဖြတ်များလို့ဈေးကတမျိုးရှိမယ်
စသည်ဖြင့် ကြော်ငြာလုပ်ပေးတဲ့ ပွဲစားတွေပေါ့။

အဲ့ဒီကနေ တဖြည်းဖြည်းနဲ့ နည်းပညာတွေရွေ့ပြောင်း ရွေးကောက်ပွဲ အပြောင်းအလဲ ကာလတွေကြောင့် 2015 လောက်မှာ လူတိုင်းမိုဘိုင်းဖုန်းတွေ သုံးလာနိုင်တယ်။ Facebook ပေါ်လူတန်းစားပေါင်းစုံတော်တော်ရောက်လာကြပါတယ်။ Business တော်တော်များကလဲ social media platform ပေါ် 2015 အကုန်လောက်မှာ တော်တော်များများတက်လာကြတယ်။ အဲ့တုန်းက Facebook ပေါ်မှာကြော်ငြာထိုးပြီး ဈေးရောင်းရမယ်ဆိုတာသိသူနည်းသေးတယ်။ တချို့ကတော့ boosting လေးတွေထိုးပြီးရောင်းတတ်နေပြီ။ Boosting ထိုးရင်လဲထိုးသလောက် အဆမတန်မြတ်ကြတယ်။ ဥပမာ 20$ လောက် သုံးရင် ဆယ်သိန်းနားကပ်နေတဲ့ လမ်းလျှောက်ပြေးစက် ၅ လုံးက တစ်ပတ်အတွင်းရောင်းကုန်ထွက်တယ်။ Boost တဲ့သူလဲနည်းသေးတော့ ကြော်ငြာခတွေက ဈေးမကြီးပဲ ထိရောက်သေးတဲ့ကာလတွေပေါ့။ ကြော်ငြာခသုံးရင်လဲ သုံးတာထပ် အဆမတန်မြတ်တဲ့ ပမာဏကိုရကြသေးတယ်။

ဒါပေမယ့် 2018 နဲ့2019 အစပိုင်းလောက်မှာတော့ boosting သုံးပြီး Boost တိုင်း ဟိုအရင်ခေတ်ကလို သိပ်မရောင်းရတော့ပါဘူး ။ Online shopping သမားတွေကော အခြားတစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်တွေကနေ စပြီး အခက်အခဲတွေ ကြုံလာကြတယ် Facebook ရဲ့သဘာဝကိုက သုံးသူ User များလေ အပြိုင်အဆိုင်ကြော်ငြာတွေ တင်လာလေလေဖြစ်တော့ ပိုက်ဆံပိုသုံးသူကိုပဲ ကြော်ငြာက များများပိုရောက်ပေးတာတွေကြောင့် တချို့Business တွေမှာ သုံးသလောက် မရောင်းရဘူးတွေ ဖြစ်လာတာပေါ့။ ဒီလိုအခက်အခဲတွေ မဖြစ်ရလေအောင် ပွဲစားကြီးအနေနဲ့နှစ်ချီအတွေ့အကြုံအရ လက်တွေ့ဖော်ဆောင်လို့ရမယ့် Process တွေ ပြောတော့မှာမို့ ဒီအချက်တွေကနေ စပြီး လုပ်ငန်းရှင်တွေအနေနဲ့အောက်က အချက်တွေကို သေချာအာရုံစိုက်ဖတ်ပေးပါ။

1️⃣. Target Segment သေချာရွေးပြီး ကြော်ငြာပါ
ဖုန်းနဲ့ Boosting အလွယ်မလုပ်ပါနဲ့။ဖုန်းမှာရတဲ့ Feature က
Laptop or Desktop ကရတဲ့ view နဲ့ Features တွေထပ် အဆမတန်နည်းလွန်းပါတယ်။ Target ရွေးချယ်တဲ့အခါ ကိုယ့် Business , ကိုယ့်ဆိုင်မှာလာစားသူ, ကိုယ့်လုပ်ငန်းရဲ.့ပုံမှန်ဝယ်သူတွေ ပုံစံ သူတို့ဘာတွေ စိတ်ဝင်စားလဲ သူတို့က income ဘယ်လောက်နဲ့ဘယ်လို ဖုန်းသုံးတာလဲ
ဘယ်လို browser သုံးတာလဲအထိပါ desktop or laptop view က ပြည့်ပြည့်စုံစုံ ဖော်ပြပေးပါတယ်။ Target segment ကို သေချာရွေးပြီး geographic အရ ဘယ်မြို့နယ်ကနေတဲ့သူတွေကိုပဲ ကိုယ့်ကြော်ငြာကို ပြစေမယ်ဆိုတာအထိ သေချာဂရုစိုက် boost လုပ်ခြင်းက cost effective အဖြစ်ဆုံးနဲ့ သုံးလိုက်တဲ့ ပမာဏအတိုင်းထိရောက်တဲ့ Result ကိုရရှိစေမှာပါ။

2️⃣. Content Marketing ကို ပြည့်ပြည့်၀၀ အသုံးချပါ
ဒီနေ့ခေတ်မှာ ကြော်ငြာ ပို့စ်ဆိုပြီး Product ကို ဓာတ်ပုံရိုက်တင်
Service အကြောင်း ငါတို့ဘာတွေလုပ်နေတယ် တင်ဆိုတာလောက်နဲ့မရတော့ပါဘူး Social Media မှာ လူတွေရဲ.့attention spam time ဟာ 8 sec အောက် မှာပဲရှိပါတယ်။ပြောချင်တာက audience တွေဟာ ကိုယ်နဲ့မဆိုင်တဲ့ ကြော်ငြာတွေဆို လက်မတစ်ချက်နဲ့ ပွတ်ချလိုက်ဖို့ဝန်မလေးပါဘူး။ ကိုယ်တောင် အရင်ခေတ်တွေက TV မှာကြော်ငြာတွေလာပြနေရင် ပိတ်ပစ်ချင်တယ်မလား ဒီအတိုင်းပါပဲ content marketing မှာ audience တွေကို value ပေးတဲ့ Content တွေများများ ဖတ်ခိုင်းပြီး engagement ယူ သူ့ကိုမှ targeting ပြန်ခွဲပြီး ကြော်ငြာတာ
မျိုးပဲလုပ်သင့်ပါတယ်။ ဥပမာ ကိုယ်က အိမ်ဆောက်ပစ္စည်းရောင်းတဲ့ ဆိုင်ဖြစ်နေမယ်ဆိုရင် အိမ်ဆောက်ဖို့ဆို ဘယ်လိုအိမ်ဆောက်ပစ္စည်းတွေ ကိုယ့်မှာရှိနေသင့်လဲဆိုတဲ့ content ကို အရင်ဖန်တီးထားဖို့လိုပါတယ်။ ဒါမှသာ အိမ်ဆောက်ဖို့စိတ်ဝင်စားနေသူတွေက အိမ်ဆောက်ပစ္စည်းတွေ ကိုယ့်မှာရှိမရှိ ပြန်စဉ်းစားမိပြီး အဲ့ဒီ စဉ်းစားမိတဲ့ အချိန်နဲ့ချိန်ကိုက် ကြော်ငြာက လိုက်ပြတာပါ။ ဒါဟာ content marketing ရဲ့လူတွေရဲ့စိတ်ကို ခြေရာအခံနိင်ဆုံး အခြေခံ process လေးပါပဲ။

3️⃣. Digital Marketing Agency သုံးဖို့စဉ်းစားပါ။
Digital ခေတ်ကြီးမှာ Facebook Page ကြီးတော့ရှိနေတယ်
-ကိုယ့်ရှိနေတဲ့ page ကနေ sales တွေမတက်ဘူး
-ဆိုင်ဘက် လုပ်ငန်းဘက် Operation ဘက်ပဲ အားစိုက်နေရလို့Page ဘက်မလှည့်နိုင်ဘူး
-ဘာမှလဲ အပြင်ကလုပ်သမျှ activities တွေ တင်ဖို့မအားနိုင်ဘူး
-Page ကနေ ဘယ်လောက် ကိုယ့်အပြင်က ဆိုင်ဆီ လုပ်ငန်းဆီ လူဝင်အောင် လုပ်မလဲ
စတာတွေ ဖြေရှင်းချင်ရင် Agency တွေ ဘက် page management ပိုင်း လုပ်ခိုင်းပါ။ Agency တွေမှာက တိကျတဲ့ workflow, post တွေကို အထပ်ထပ် စစ်တတ်တဲ့ procedure ကြော်ငြာစာ ပို့စ်တွေကို သီးသန့်Professional ဆန်ဆန်ဖန်တီးနေတဲ့ effort အပြည့်အရှိဆုံး လူငယ်တွေကို ခန့်ထားကြပါတယ်။ ဟိုးအပေါ်မှာပြောသွားတဲ့ မှန်မှန်ကန်ကန် လုပ်ပေးတဲ့ လုပ်ငန်းပွဲစားတွေ ကိုပဲ ရွေးချယ်ဖို့စဉ်းစားပါ။ သူတို့ ဘယ် client တွေ နဲ့ အတွေ့အကြုံရှိဘူးလဲ သူတို့ရဲ့service နဲ့ကိုယ်
လုပ်နိုင်တဲ့ budget ထဲဝင်မဝင် ချိန်ကိုက်ပါ။ ဒီအချက်တွေမလာခင် အပေါ်မှာတောက်လျှောက်ပြောသွားခဲ့တဲ့ ကြော်ငြာခနဲ့ Result ထိအောင် ဖြေရှင်းပေးနိုင်တာတွေဟာ Brands တွေအားလုံးအပေါ် အတွေ့အကြုံရှိရှိ လုပ်ကိုင်နေတဲ့ Agency ကပဲ smoothly solution လုပ်ပေးနိင်တာတွေ့ရပါတယ်။ Facebook Policy ငြိလို့ads မတက်တာတွေအစ ရသင့်တဲ့
Engagement rate , Brand awareness မရမချင်း try တတ်တာကတော့ agency တွေပါပဲ။

4️⃣. ပို့စ်တွေကို Creative ဖြစ်အောင်အမြဲလုပ်ပါ။
လူတိုင်းက social media ကို စိတ်ပြေလက်ပျောက် အချိန်ကုန်ဆုံးဖို့လာကြတာပါ။ သတင်းစာ ဂျာနယ် ကျမ်းစာ ဘာသာရပ်ကြီးတွေ ဖတ်ဖို့လာတာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် Social Friendly ဖြစ်တဲ့ အသုံးအနှုန်းတွေနဲ့ပဲ ပို့စ်တွေကို ဖန်တီးပါ။ ပြောရရင် ကျနော်တို့အပြင်လောကမှာ တကယ်ကော သင် မိတ်ဆွေ လူကြီးမင်းဆိုပြီး အမြဲ မေးထူးခေါ်ပြောနေလို့လား Social media မှာဆိုလဲအဲ့လိုပါပဲ audience တွေများများကြိုက်လောက်မယ့် tone and voice, Key terms တွေကိုပဲ အများစုအသုံးပြုပေးပါ။ နောက်ပြီး ကိုယ့် product ကောင်းကြောင်း
ကိုယ့် product အကြောင်း ကိုယ့် service အကြောင်းကိုပဲ လူတွေဆီတိုက်ရိုက်ကြီး ပေးမနေပါနဲ့Fun ဖြစ်စေမယ့် engagement ဖြစ်စေမယ့် ပို့စ်တွေ အမြဲဖန်တီးပေးပါ။ တလောက တွေ့လိုက်တဲ့ ရုပ်ချောသူတိုင်းသာ အခမဲ့ စားနိုင်မယ့် အခွင့်အရေးဆိုတဲ့ Campaign post လေးဆို ဘာမှ
ကြော်ငြာ cost မကုန်လောက်ပဲ လူတွေကြားထဲမှာ အတော်ပျံ့နှံ.့သွားဖူးပါတယ်။ Food blogger group တွေမှာလဲ ပွက်ပွက်ညံအောင် ဂယက်ရိုက်သွားပါသေးတယ်။ ပြောချင်တာက ကိုယ့် ပို့စ်တွေကို ပေါက်ချင်ရင် social media sense ရှိရမယ်။ သာမန်ကြော်ငြာတွေပုံစံမျိုးဖြစ်မနေဖို့က အဓိကပါပဲ။
ဒါဆိုရင်တော့ ယနေ့ခေတ်ကိုယ့်လုပ်ငန်း ကိုယ့်စီးပွားရေးရဲ့ပင်မ selling factor လိုဖြစ်လာတဲ့ Facebook Page တွေကို ဘယ်လိုလမ်းကြောင်းနဲ့ကိုင်တွယ်ရှေ.့ဆက်ရမလဲဆိုတာ သိသွားကြပြီ မြင်ပါတယ်။ Digital Marketing နဲ့ပတ်သက်တဲ့ အကူအညီလိုအပ်ရင်လဲ Free အကြံပေးဆွေးနွေးတဲ့ consultation section ရှိနေကြောင်းပါ။

Contact Us

----------------

Email: hello@b360.ltd

Phone Number: 09453666696

Address: No.15, Yankin St, Sanchaung Township, Yangon.

-----------------------

(ZawGyi Version)










Contact Us

----------------

Email: hello@b360.ltd



inbound lead
Don't Forget to Share this Post

Related Articles