Marketing

Written By B360 Team
marketing2

(Unicode Version) (ZawGyi Version below)

လုပ်ငန်းရှင်တွေတော်တော်များများ နဲ့ Entrepreneur တွေဟာ Sales၊ Marketing နဲ့ Branding သုံးခုကို သေသေချာချာ ကွဲကွဲပြားပြား မသိကြပါဘူး။ ‍‍‍‍‍ဒီ ၃ ခုကို သေချာသိပြီး apply လုပ်နိုင်မယ်ဆိုရင် သူများနဲ့မတူတဲ့ အောင်မြင်မှုကို အချိန်တိုအတွင်းရမှာ အသေအချာပါပဲ။

ဘာကွာလဲ၊ ဘယ်လို အသုံးချမလဲ❓

ပထမဦးဆုံး Sales အကြောင်းကို အရင် ပြောကြတာပေါ့။ ‍‍‍‍‍Sales ကတော့ convincing အပိုင်းလို့ အလွယ်တကူပြောလို့ရပါတယ်။ ‍‍‍‍‍ကိုယ့်ရဲ့ Product or Service ကို လက်ခံယုံကြည်လာအောင် သိမ်းသွင်း စည်းရုံးရတဲ့ အပိုင်းပေါ့။

များသောအားဖြင့် မျက်နှာချင်းဆိုင်ပြောရတဲ့ အခါမျိုး၊ Objection တွေရှိရင် ရှင်းလင်းပေးရတဲ့အပိုင်းတွေပဲ ဖြစ်ပါတယ်။ ‍‍‍‍‍Deal တွေကို Negotiate လုပ်ရတာတွေ ပါမယ်။ Conditions တွေ၊ Payment တွေ ညှိရတာတွေ ပါမယ်။ ‍‍‍‍‍အဓိက ကတော့ Customer က ကိုယ့် Product or Service ကို ဝယ်သွားအောင် ပြောရတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ‍‍‍‍‍

Customer နဲ့ စကားပြောဆို ဆက်ဆံနေရတာတွေ အားလုံးဟာ Sales ပါပဲ။ ‍‍‍‍‍ဥပမာ ။ ။ Customer က ကိုယ့်ရဲ့ ဆိုင်ထဲ ရောက်နေတာမျိုး၊ Online Business ဆိုရင် ကိုယ့် Product တွေ Service တွေကို Messenger ကနေ လာစုံစမ်းနေပြီ၊ ဖုန်းဆက်မေးနေတဲ့ အခြေနေမျိုးတွေမှာ ကိုယ့်ရဲ့ product ကို ဝယ်သွားအောင် ပြောရတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။
‍‍Customer ရှေ့မှာ ကျွမ်းကျွမ်းကျင်ကျင် မပြောဆိုရဲတဲ့သူ၊ မဆက်ဆံနိုင်တဲ့ သူဟာ Sales မဟုတ်တော့ ပါဘူး။ ‍‍‍‍‍ပြောနေကြ စကားတစ်ခုရှိပါတယ် “No Sales, No Business. Nothing happens until you make a sale” ဆိုတာပါပဲ။

Business တစ်ခုမှာ Sale အပိုင်းက အရမ်း အရေးကြီးပါတယ်။ Sales မလုပ်လို့ မရပါဘူး။ ဒါ့အပြင် Marketing နဲ့ Branding ကလဲ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ ‍‍‍‍‍ ‍‍

Marketing

Marketing က ကိုယ့်ရဲ့ စီပွားရေးကို လည်ပါတ်စေတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍအပိုင်းပဲဖြစ်ပါတယ်။

Client ရအောင်၊ Client က ကိုယ့်ဆီမှာ အမြဲ ကိုယ့်ရဲ့ Product၊ ကိုယ့်ရဲ့ Service ကို သုံးနေအောင် (Customer Retention) လုပ်ရတာတွေ အားလုံးက Marketing ပါပဲ။ Customer အသစ်တွေရှာ တိုက်ရိုက်ဝင်ငွေ ဝင်လာအောင်လုပ်ပေးနေတဲ့ Activities တိုင်းဟာလဲ Marketing ပါပဲ။ Product or Service တွေဆီ customer တွေကို ဦးဆောင်ခေါ်ယူလာမယ် customer သိအောင်လုပ်ပေးပြီး consumer ကို ဝယ်မယ်ဆိုတဲ့ decision ချစေအောင်၊ ချက်ခြင်း Action ယူအောင် လုပ်နေတာတွေဟာလဲ Marketing တွေပါ။

‍‍‍‍‍‍Business တွေနဲ့ ပတ်သက်တဲ့ ဥပမာတွေပေးရရင်.. Digital Marketing, Email Marketing, Seminar, Websites, Social Media, Affiliate Marketing, Referral Marketing စတဲ့ဟာတွေရှိပါတယ်။

တစ်ခါတစ်လေ Social Media ပေါ်မှာ Influcencer တွေက “မင်း ဒီပစ္စည်းကို အခုဝယ်ရင် USD 10, Payment Plan ကလည်း ၃ခါခွဲ ပေးလို့ရတယ်” ဒီလိုမျိုး Customer ကို မဝယ်ချင်၊ ဝယ်ချင်လာအောင် ပြောထား တာတွေကို တွေ့နေကြပါလိမ့်မယ်။ ဒါဟာ Marketing ပါပဲ။ “နာရီ Count Down တွေနဲ့ ဒီဈေး၊ ဒီ Product Package က ၁နာရီအတွင်းပဲရမယ်။ အခုပဲ Decision ချလိုက်ပါ” ဆိုတာတွေက အရမ်းကောင်းတဲ့ Online Marketing ဥပမာပုံစံမျိုးတွေဖြစ်ပါတယ်။

Branding ဆိုတာ

အသုံးပြုသူ၊ ဝယ်ယူသူတွေရဲ့ စိတ်ခံစားချက် (Emotion)တွေ၊ မသိစိတ်ထဲကရော သိစိတ်ထဲကပါ လိုချင်လာအောင်၊ လိုအင်ဆန္ဒ(Desire) ဖြစ်ပေါ်လာဖို့တို့ကို အဓိကလွှမ်းမိုးဖို့ လုပ်ဆောင်တာပါ။ Branding မှာ အဓိကရည်ရွယ်ချက် တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ Consumer တွေက ကိုယ့် Product၊ ကိုယ့် Service မှာ ဘာတွေပါလဲ၊ ဘာတွေ သူများထက်ကောင်းလဲဆိုတဲ့ အချက်တွေကိုတောင် မစဉ်းစားပဲ သူတို့ရဲ့ Emotion အရကို ကိုယ့်ရဲ့ Product၊ Service တွေကို အသုံးပြုလာအောင်၊ ကိုယ်နဲ့ Business Relationship တစ်ခုတည်ဆောက်ချင်လာအောင် လမ်းကြောင်းပေးတာပဲ ဖြစ်ပါတယ်။

“Emotion အရကိုဆုံးဖြတ်သွားအောင် လမ်းကြောင်းပေးရတာဟာ Branding ပါ”

ပိုရှင်းအောင် ပြောရရင် ကိုယ်ရဲ့ Product ကို ဘယ်လို Position ယူထားသလဲ ဆိုတဲ့ Positioning အပိုင်းပါ။ လူတွေက ကိုယ့်ရဲ့ product ကို တွေ့တာနဲ့ လုံးဝကို မငြင်းနိုင်တဲ့ ပြင်းပြတဲ့ဆန္ဒတွေကို မသိစိတ်ထဲမှာရော သိစိတ်ထဲမှာရော ရှိနေအာင် လုပ်ထားနိုင်ပြီဆိုရင် Branding လုပ်တာ အောင်မြင်ပြီပဲလို့ ပြောလို့ရပါတယ်။

ဥပမာအနေနဲ့ဆိုရင် ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးမှာ ကိုယ်အမြဲတန်းဝယ်နေတဲ့ Product တွေ ရှိကြပါတယ်။ Supermarket တွေသွားရင် ကိုယ်သုံးနေကျ Brand တွေ့တာနဲ့ ခြင်းထဲကောက်ထည့်လိုက်မျိုး၊ အခြားသူ့ထက်ကောင်းတဲ့ ရွေးချယ်စရာရှိလား၊ မရှိလားတောင် မစဉ်းစားတော့ပဲ ချက်ချင်း ဝယ်လိုက်တာမျိုးတွေ လုပ်မိသလားဆိုတာ စဉ်းစားကြည့်ပါ။ လုပ်မိတယ်ဆိုရင် အဲ့ဒါကို Branding လို့ပဲ နားလည်လိုက်ပါ။ အဲ့ဒီ product ရဲ့ company က ခင်ဗျားတို့၊ ကျွန်တော်တို့ကို ဈေးဝယ်လာတိုင်း သူ့ product ကိုသုံးဖို့ convince လုပ်နေစရာ၊ sales လုပ်နေစရာ၊ marketing လုပ်နေစရာ မလိုတော့ပါဘူး။ တစ်ခါတစ်လေ ကိုယ့်ဈေးဝယ်ဖော်က လာပြီး အဲ့ဒါမကောင်းဘူး တခြားဟာဝယ်ဆိုရင်တောင် ကိုယ်ဝယ်ချင်တဲ့ Brand ကိုပဲ မရရအောင်ဝယ်လာတာတို့၊ မကောင်းဘူးပြောတဲ့ သူငယ်ချင်းကိုတောင် ကိုယ်ကြိုက်တဲ့ Brand ကိုဝယ်ဖို့ တိုက်တွန်းတာမျိုးတောင် လုပ်မိကြတယ် မဟုတ်လား? ဒါကြောင့်ကျွန်တော်တို့ စိတ်ကို လွမ်းမိုးသွားအောင် လုပ်နိုင်တာဟာ Branding ပါပဲ။

ခင်ဗျားတို့ဟာ Business Owner ဆိုရင် အဓိကစဉ်းစားဖြေရှင်းရမယ့် challenge က “လူတွေ ကိုယ်ရောင်းတဲ့ အရာတစ်ခုကို မလိုအပ်ခင်ကတည်းက ကိုယ့် Brand က သူတို့ရဲ့ choice လုပ်မယ့် Brand ဖြစ်နေဖို့ လိုတာပါပဲ”

ဥပမာ ။ ။ လူတွေ Coach လိုတယ်လို့ မထင်ခင်ကတည်းက လူအများကြိုက်တဲ့ Coach ဖြစ်အောင် လုပ်ထားတာမျိုး။

Lawyer လိုတယ်လို့ မထင်ခင်ကတည်းက လူကြိုက်အများဆုံး Lawyer ဖြစ်အောင် Brand တင်ထားတာမျိုး။
နောက်ထပ် ဥပမာ အနေနဲ့ Fashion product တွေ၊ အလှကုန်၊ ကား၊ Professional service၊ Product ဘာတွေပဲဖြစ်ဖြစ် ကိုယ်ကလူတွေ မလိုအပ်ခင်ကတည်းက လိုအပ်လာမယ်ဆိုရင် ကိုယ့် product၊ ကိုယ့် service ပဲသုံးအောင် လုပ်ထားတာမျိုးရှိရမယ်။

ကိုယ်က သူတို့ရဲ့ “Go to person/ product for their _____” ဖြစ်အောင် လုပ်ထားတာဟာ Business တွေရဲ့ အဓိက ဖြေရှင်းရမယ့် challenge ဖြစ်ပါတယ်။

𝗪𝗶𝗹𝗹𝗶𝗮𝗺 𝗞𝘆𝗮𝘄
-------------------------

(ZawGyi Version)

လုပ္ငန္းရွင္ေတြေတာ္ေတာ္မ်ားမ်ား နဲ႔ Entrepreneur ေတြဟာ Sales၊ Marketing နဲ႔ Branding သုံးခုကို ေသေသခ်ာခ်ာ ကြဲကြဲျပားျပား မသိၾကပါဘူး။ ‍‍‍‍‍ဒီ ၃ ခုကို ေသခ်ာသိၿပီး apply လုပ္ႏိုင္မယ္ဆိုရင္ သူမ်ားနဲ႔မတူတဲ့ ေအာင္ျမင္မႈကို အခ်ိန္တိုအတြင္းရမွာ အေသအခ်ာပါပဲ။

ဘာကြာလဲ၊ ဘယ္လို အသုံးခ်မလဲ❓

ပထမဦးဆုံး Sales အေၾကာင္းကို အရင္ ေျပာၾကတာေပါ့။ ‍‍‍‍‍Sales ကေတာ့ convincing အပိုင္းလို႔ အလြယ္တကူေျပာလို႔ရပါတယ္။ ‍‍‍‍‍ကိုယ့္ရဲ႕ Product or Service ကို လက္ခံယုံၾကည္လာေအာင္ သိမ္းသြင္း စည္း႐ုံးရတဲ့ အပိုင္းေပါ့။

မ်ားေသာအားျဖင့္ မ်က္ႏွာခ်င္းဆိုင္ေျပာရတဲ့ အခါမ်ိဳး၊ Objection ေတြရွိရင္ ရွင္းလင္းေပးရတဲ့အပိုင္းေတြပဲ ျဖစ္ပါတယ္။ ‍‍‍‍‍Deal ေတြကို Negotiate လုပ္ရတာေတြ ပါမယ္။ Conditions ေတြ၊ Payment ေတြ ညႇိရတာေတြ ပါမယ္။ ‍‍‍‍‍အဓိက ကေတာ့ Customer က ကိုယ့္ Product or Service ကို ဝယ္သြားေအာင္ ေျပာရတဲ့အပိုင္းပဲ ျဖစ္ပါတယ္။ ‍‍‍‍‍

Customer နဲ႔ စကားေျပာဆို ဆက္ဆံေနရတာေတြ အားလုံးဟာ Sales ပါပဲ။ ‍‍‍‍‍ဥပမာ ။ ။ Customer က ကိုယ့္ရဲ႕ ဆိုင္ထဲ ေရာက္ေနတာမ်ိဳး၊ Online Business ဆိုရင္ ကိုယ့္ Product ေတြ Service ေတြကို Messenger ကေန လာစုံစမ္းေနၿပီ၊ ဖုန္းဆက္ေမးေနတဲ့ အေျခေနမ်ိဳးေတြမွာ ကိုယ့္ရဲ႕ product ကို ဝယ္သြားေအာင္ ေျပာရတဲ့ အပိုင္းပဲ ျဖစ္ပါတယ္။
‍‍Customer ေရွ႕မွာ ကြၽမ္းကြၽမ္းက်င္က်င္ မေျပာဆိုရဲတဲ့သူ၊ မဆက္ဆံႏိုင္တဲ့ သူဟာ Sales မဟုတ္ေတာ့ ပါဘူး။ ‍‍‍‍‍ေျပာေနၾက စကားတစ္ခုရွိပါတယ္ “No Sales, No Business. Nothing happens until you make a sale” ဆိုတာပါပဲ။

Business တစ္ခုမွာ Sale အပိုင္းက အရမ္း အေရးႀကီးပါတယ္။ Sales မလုပ္လို႔ မရပါဘူး။ ဒါ့အျပင္ Marketing နဲ႔ Branding ကလဲ အေရးပါတဲ့ အခန္း က႑ကေန ပါဝင္ေနပါတယ္။ ‍‍‍‍‍ ‍‍

Marketing

Marketing က ကိုယ့္ရဲ႕ စီပြားေရးကို လည္ပါတ္ေစတဲ့ အေရးႀကီးတဲ့ အခန္းက႑အပိုင္းပဲျဖစ္ပါတယ္။

Client ရေအာင္၊ Client က ကိုယ့္ဆီမွာ အၿမဲ ကိုယ့္ရဲ႕ Product၊ ကိုယ့္ရဲ႕ Service ကို သုံးေနေအာင္ (Customer Retention) လုပ္ရတာေတြ အားလုံးက Marketing ပါပဲ။ Customer အသစ္ေတြရွာ တိုက္႐ိုက္ဝင္ေငြ ဝင္လာေအာင္လုပ္ေပးေနတဲ့ Activities တိုင္းဟာလဲ Marketing ပါပဲ။ Product or Service ေတြဆီ customer ေတြကို ဦးေဆာင္ေခၚယူလာမယ္ customer သိေအာင္လုပ္ေပးၿပီး consumer ကို ဝယ္မယ္ဆိုတဲ့ decision ခ်ေစေအာင္၊ ခ်က္ျခင္း Action ယူေအာင္ လုပ္ေနတာေတြဟာလဲ Marketing ေတြပါ။

‍‍‍‍‍‍Business ေတြနဲ႔ ပတ္သက္တဲ့ ဥပမာေတြေပးရရင္.. Digital Marketing, Email Marketing, Seminar, Websites, Social Media, Affiliate Marketing, Referral Marketing စတဲ့ဟာေတြရွိပါတယ္။

တစ္ခါတစ္ေလ Social Media ေပၚမွာ Influcencer ေတြက “မင္း ဒီပစၥည္းကို အခုဝယ္ရင္ USD 10, Payment Plan ကလည္း ၃ခါခြဲ ေပးလို႔ရတယ္” ဒီလိုမ်ိဳး Customer ကို မဝယ္ခ်င္၊ ဝယ္ခ်င္လာေအာင္ ေျပာထား တာေတြကို ေတြ႕ေနၾကပါလိမ့္မယ္။ ဒါဟာ Marketing ပါပဲ။ “နာရီ Count Down ေတြနဲ႔ ဒီေဈး၊ ဒီ Product Package က ၁နာရီအတြင္းပဲရမယ္။ အခုပဲ Decision ခ်လိုက္ပါ” ဆိုတာေတြက အရမ္းေကာင္းတဲ့ Online Marketing ဥပမာပုံစံမ်ိဳးေတြျဖစ္ပါတယ္။

Branding ဆိုတာ

အသုံးျပဳသူ၊ ဝယ္ယူသူေတြရဲ႕ စိတ္ခံစားခ်က္ (Emotion)ေတြ၊ မသိစိတ္ထဲကေရာ သိစိတ္ထဲကပါ လိုခ်င္လာေအာင္၊ လိုအင္ဆႏၵ(Desire) ျဖစ္ေပၚလာဖို႔တို႔ကို အဓိကလႊမ္းမိုးဖို႔ လုပ္ေဆာင္တာပါ။ Branding မွာ အဓိကရည္႐ြယ္ခ်က္ တစ္ခုပဲရွိပါတယ္။ အဲ့ဒါကေတာ့ Consumer ေတြက ကိုယ့္ Product၊ ကိုယ့္ Service မွာ ဘာေတြပါလဲ၊ ဘာေတြ သူမ်ားထက္ေကာင္းလဲဆိုတဲ့ အခ်က္ေတြကိုေတာင္ မစဥ္းစားပဲ သူတို႔ရဲ႕ Emotion အရကို ကိုယ့္ရဲ႕ Product၊ Service ေတြကို အသုံးျပဳလာေအာင္၊ ကိုယ္နဲ႔ Business Relationship တစ္ခုတည္ေဆာက္ခ်င္လာေအာင္ လမ္းေၾကာင္းေပးတာပဲ ျဖစ္ပါတယ္။

“Emotion အရကိုဆုံးျဖတ္သြားေအာင္ လမ္းေၾကာင္းေပးရတာဟာ Branding ပါ”

ပိုရွင္းေအာင္ ေျပာရရင္ ကိုယ္ရဲ႕ Product ကို ဘယ္လို Position ယူထားသလဲ ဆိုတဲ့ Positioning အပိုင္းပါ။ လူေတြက ကိုယ့္ရဲ႕ product ကို ေတြ႕တာနဲ႔ လုံးဝကို မျငင္းႏိုင္တဲ့ ျပင္းျပတဲ့ဆႏၵေတြကို မသိစိတ္ထဲမွာေရာ သိစိတ္ထဲမွာေရာ ရွိေနအာင္ လုပ္ထားႏိုင္ၿပီဆိုရင္ Branding လုပ္တာ ေအာင္ျမင္ၿပီပဲလို႔ ေျပာလို႔ရပါတယ္။

ဥပမာအေနနဲ႔ဆိုရင္ ကြၽန္ေတာ္တို႔ ခင္ဗ်ားတို႔ အားလုံးမွာ ကိုယ္အၿမဲတန္းဝယ္ေနတဲ့ Product ေတြ ရွိၾကပါတယ္။ Supermarket ေတြသြားရင္ ကိုယ္သုံးေနက် Brand ေတြ႕တာနဲ႔ ျခင္းထဲေကာက္ထည့္လိုက္မ်ိဳး၊ အျခားသူ႔ထက္ေကာင္းတဲ့ ေ႐ြးခ်ယ္စရာရွိလား၊ မရွိလားေတာင္ မစဥ္းစားေတာ့ပဲ ခ်က္ခ်င္း ဝယ္လိုက္တာမ်ိဳးေတြ လုပ္မိသလားဆိုတာ စဥ္းစားၾကည့္ပါ။ လုပ္မိတယ္ဆိုရင္ အဲ့ဒါကို Branding လို႔ပဲ နားလည္လိုက္ပါ။ အဲ့ဒီ product ရဲ႕ company က ခင္ဗ်ားတို႔၊ ကြၽန္ေတာ္တို႔ကို ေဈးဝယ္လာတိုင္း သူ႔ product ကိုသုံးဖို႔ convince လုပ္ေနစရာ၊ sales လုပ္ေနစရာ၊ marketing လုပ္ေနစရာ မလိုေတာ့ပါဘူး။ တစ္ခါတစ္ေလ ကိုယ့္ေဈးဝယ္ေဖာ္က လာၿပီး အဲ့ဒါမေကာင္းဘူး တျခားဟာဝယ္ဆိုရင္ေတာင္ ကိုယ္ဝယ္ခ်င္တဲ့ Brand ကိုပဲ မရရေအာင္ဝယ္လာတာတို႔၊ မေကာင္းဘူးေျပာတဲ့ သူငယ္ခ်င္းကိုေတာင္ ကိုယ္ႀကိဳက္တဲ့ Brand ကိုဝယ္ဖို႔ တိုက္တြန္းတာမ်ိဳးေတာင္ လုပ္မိၾကတယ္ မဟုတ္လား? ဒါေၾကာင့္ကြၽန္ေတာ္တို႔ စိတ္ကို လြမ္းမိုးသြားေအာင္ လုပ္ႏိုင္တာဟာ Branding ပါပဲ။

ခင္ဗ်ားတို႔ဟာ Business Owner ဆိုရင္ အဓိကစဥ္းစားေျဖရွင္းရမယ့္ challenge က “လူေတြ ကိုယ္ေရာင္းတဲ့ အရာတစ္ခုကို မလိုအပ္ခင္ကတည္းက ကိုယ့္ Brand က သူတို႔ရဲ႕ choice လုပ္မယ့္ Brand ျဖစ္ေနဖို႔ လိုတာပါပဲ”

ဥပမာ ။ ။ လူေတြ Coach လိုတယ္လို႔ မထင္ခင္ကတည္းက လူအမ်ားႀကိဳက္တဲ့ Coach ျဖစ္ေအာင္ လုပ္ထားတာမ်ိဳး။

Lawyer လိုတယ္လို႔ မထင္ခင္ကတည္းက လူႀကိဳက္အမ်ားဆုံး Lawyer ျဖစ္ေအာင္ Brand တင္ထားတာမ်ိဳး။
ေနာက္ထပ္ ဥပမာ အေနနဲ႔ Fashion product ေတြ၊ အလွကုန္၊ ကား၊ Professional service၊ Product ဘာေတြပဲျဖစ္ျဖစ္ ကိုယ္ကလူေတြ မလိုအပ္ခင္ကတည္းက လိုအပ္လာမယ္ဆိုရင္ ကိုယ့္ product၊ ကိုယ့္ service ပဲသုံးေအာင္ လုပ္ထားတာမ်ိဳးရွိရမယ္။

ကိုယ္က သူတို႔ရဲ႕ “Go to person/ product for their _____” ျဖစ္ေအာင္ လုပ္ထားတာဟာ Business ေတြရဲ႕ အဓိက ေျဖရွင္းရမယ့္ challenge ျဖစ္ပါတယ္။


𝗪𝗶𝗹𝗹𝗶𝗮𝗺 𝗞𝘆𝗮𝘄

inbound lead
Don't Forget to Share this Post

Related Articles