COVID-19 ကာလ အခက်အခဲတွေကို ကျော်လွှားဖို့ ကုမ္ပဏီ အများစုက CRM System ကို ဘယ်လို အပြည့်အဝ အသုံးချနေကြပြီ❓

Written By B360 Team
crm_system blog 2

COVID-19 ကာလ အခက်အခဲတွေကို ကျော်လွှားဖို့ ကုမ္ပဏီ အများစုက CRM System ကို ဘယ်လို အပြည့်အဝ အသုံးချနေကြပြီလဲ

          COVID-19 ကူးစက်ရောဂါက တကယ်ကို အလေးထားအာရုံစိုက်ရမယ့် ရောဂါဖြစ်လာပါပြီ။ ရှေ့ကိုကျော်မြင်တဲ့ ကုမ္ပဏီတွေကတော့ သူတိုရဲ့ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းကို လုံခြုံစိတ်ချရစေဖို့ လိုအပ်တဲ့ အဆင့်တွေကို လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် အလုပ်တွေကို ရပ်ပစ်လိုက်လို့မရသေးပါဘူး။ Sales တွေလည်းဆက်ရှိနေဖို့လိုပါတယ်။ အခွင့်အလမ်းတွေကိုလည်း ဆက်ပြီး ရှာဖွေရပါဦးမယ်။ Service Issues တွေကိုလည်း ဖြေရှင်းဖို့ လိုပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း ရုံးမှာလုပ်တာပဲဖြစ်ဖြစ် အိမ်မှာလုပ်တာပဲဖြစ်ဖြစ် အသင်းအဖွဲ့နဲ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။

ဒီနေရာမှာ CRM System (Customer Relationship Management) တွေက အရေးပါလာပါတယ်။ CRM Software ရှိပြီးသား ကုမ္ပဏီအများစုက CRM Software ကို အကြောင်းအမျိုးမျိုးကြောင့် အပြည့်အဝ အသုံးမချကြသေးပါဘူး။ ဒါပေမယ့် ခုလိုချိန်မှာ Sales လိုက်ဖို့၊ Customer တွေကို ဝန်ဆောင်မှုပေးဖို့၊ အိမ်ကနေ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေ Productive ဖြစ်ဖို့အတွက် CRM System ကို အပြည့်အဝအသုံးချဖို့ COVID-19 က တွန်းအားဖြစ်လာပါတယ်။

crm_system blog 2

ဒါဆို ကုမ္ပဏီတွေက ဘယ်လိုအရာမျိုးကို ပြင်ဆင် နေကြလဲ

ကုမ္ပဏီတွေအနေနဲ့ သူတို့ Website တွေကနေ အခွင့်အရေးတွေ ထပ်မလွတ်သွားရအောင် Website တွေကို CRM System တွေနဲ့ ချိတ်ဆက်နေကြပါတယ်။

          CRM System ကောင်း အများစုက Site’s Web Form တွေနဲ့ အလွယ်တကူ Integrate လုပ်လို့ရပါတယ်။ ဒါကြောင့် ဝဘ်ဆိုက်ကိုဝင်ကြည့်တဲ့ Visitor တွေရဲ့ Information တွေမှန်သမျှကို System ထဲသို့ အလိုအလျောက် ပို့ဆောင်ပေးပါတယ်။ ပြီးနောက် ကိုယ့်အတွက် တကယ်ကိုက်ညီတဲ့ Lead ဖြစ်တယ်ဆိုရင် Follow Up လုပ်ဖို့ အချက်ပြပါတယ်။ အနည်းဆုံးတော့ ခုလို အနှောင့်အယှက်များတဲ့ကာလမှာ ဒေတာတွေကို Database ထဲထည့်သိမ်းပေးထားပြီး Lead ရဖို့ အရေးပါတဲ့ ဒေတာတွေကို မဆုံးရှုံးရအောင် CRM System က လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဝန်ထမ်းအများစုက အိမ်ကနေအလုပ်လုပ်နေကြတဲ့အခါမှာ Online ကနေဝင်လာတဲ့ Lead နဲ့ Inquiry တွေကို Crack ဖြစ်ပြီးဆုံးရှုံးနိုင်ချေက ပိုပြီးများပြားလာပါတယ်။

ဒါပေမယ့် သင့်ရဲ့ ဝဘ်ဆိုက်ကို CRM System နဲ့ ချိတ်ဆက်ပြီး Lead နဲ့ Inquiry ရရှိဖို့ Process တွေကို အလိုအလျောက်လုပ်ဆောင်လိုက်မယ်ဆိုရင် ဒီ Issue ကို သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

အိမ်ကနေ အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ Workflow တွေ၊ Alert နဲ့ Reminder တွေကို  HubSpot လို CRM မျိုးတွေက တဆင့်ပြင်ဆင်နေကြပါတယ်။

COVID-business-resources-web

         COVID-19 ကြောင့် ကုမ္ပဏီအများအပြားဟာ သူတိုရဲ့ဝန်ထမ်းတွေကို အိမ်မှာအလုပ်လုပ်ဖို့ ညွှန်ကြားလာကြပါတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင်မတွေ့ရတာ၊ အစည်းအဝေးတွေကို အပြင်မှာတွေ့ပြီး မပြုလုပ်ဖြစ်တာတွေကြောင့် လုပ်စရာရှိတာတွေကို မေ့တတ်ကြပါတယ်။ CRM Application မှာပါတဲ့ Workflow နဲ့ Alert တွေကို Configure လုပ်မယ်ဆိုရင် Follow Up လုပ်ရမယ့် Quote တစ်ခုပေါ်လာတဲ့အခါ၊ Service Issue က အရမ်းကြာသွားတဲ့အခါ၊ Opportunity တစ်ခုကိုပေါ်လာတဲ့အခါတိုင်းမှာ ဒါတွေနဲ့ သက်ဆိုင်သူတွေဆီကို အသိပေးအကြောင်းကြားမှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် CRM System တော်တော်များများမှာပါဝင်တဲ့ AI တွေက Customer Email တွေကို အလိုအလျောက် သိရှိပြီး ပြဿနာတွေ၊ မေးခွန်းတွေကို အဖွဲ့အစည်းအတွင်းက သက်ဆိုင်တဲ့သူဆီ ပို့ပေးနိုင်ပါတယ်။ တကယ်လို့ Email ကို အချိန်နဲ့တပြေးညီ အကြောင်းပြန်ရမယ်ဆိုရင် လိုအပ်တဲ့ အဆင့်တွေကိုပါ ထပ်ဖြည့်ပေးနိုင်ပါတယ်။ ဝန်ထမ်းတွေထဲက တယောက်ယောက် နေမကောင်းဖြစ်တဲ့အခါ အဆိုပါဝန်ထမ်းနဲ့ သက်ဆိုင်တဲ့ Task နဲ့ Assignment တွေကို CRM Workflow က ချက်ချင်း Handle လုပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ဝန်ထမ်းပြန်ကောင်းလာတဲ့အထိ အခြားတယောက်ကို Assignment လွှဲပေးထားနိုင်ပါတယ်။ ပြီးတဲ့အခါ Pipeline, Opportunity နဲ့ Service Activity Report တွေကို ထုတ်ဖို့ ကိုယ်နဲ့ အလှမ်းဝေးနေတဲ့ ဝန်ထမ်းတွေကို အားကိုးစရာမလိုတော့ပါဘူး။ ဒီ Report တွေအားလုံးကို Configuration လုပ်ဖို့ အချိန်အနည်းငယ်ပေးရုံနဲ့ CRM System ကနေ အလိုအလျောက် ထုတ်ပေးနိုင်ပါတယ်။

များပြားလှတဲ့ Email, Campaign နဲ့ Template တွေကို အသုံးပြုပြီး သူတိုရဲ့ Community တွေနဲ့ အဆက်အသွယ်မပြတ်အောင် ပြုလုပ်နေကြတယ်

1200x628_CRM2 BLog

         CRM System အနေနဲ့ Email, Text Message တွေကို Customer တွေ၊ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီကို ပေးပို့ပေးနိုင်ပါတယ်။ CRM System မှာပါဝင်တဲ့ Template တွေကို အပြည့်အဝအသုံးချပြီးCommunication အားလုံးကို တိတိကျကျနဲ့ Corporate Message တခုတည်းအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဘယ်သူတွေလဲ၊ ဘယ်မှာနေထိုင်လဲ၊ ကုမ္ပဏီနဲ့ ဘယ်လို ပတ်သက်နေလဲ စတဲ့အချက်တွေကိုအခြေခံပြီး သက်ဆိုင်ရာ Group တွေဆီကို Personalized Message တွေကို တစုတစည်းတည်း ပို့ပေးနိုင်ပါတယ်။

ဒေတာတွေကို ရှင်းဖို့ Downtime တွေကို အသုံးချနေကြတယ်
         ကုမ္ပဏီအများစုက ဝန်ထမ်းတွေကို လုံခြုံမှုရှိအောင် Work From Home စည်းမျဉ်းတွေကို ချမှတ်နေကြပါတယ်။ ဒါပေမယ့် လူတိုင်းက ရုံးမှာလုပ်နေတဲ့အချိန်လို အလုပ်မများကြပါဘူး။ ဒါကြောင့် ဝန်ထမ်းတွေကို ဒေတာ ရှင်းဖို့ Assign ချလို့ရပါတယ်။ ဝန်ထမ်းတစ်ယောက်ချင်းစီ Clean လုပ်ရမယ့် Contact နဲ့ Account တွေကို သတ်မှတ်ပေးပါ။ Pandemic ကာလပြီးဆုံးသွားပြီး ရုံးကိုပြန်တက်ကြတဲ့အခါ ဒေတာတွေကို Clean & Updated လုပ်ရခြင်းရဲ့ Objective ကို ချမှတ်ပါ။ CRM System ရဲ့အသက်က Database ဖြစ်ပြီးတော့ သူ့ရဲ့တန်ဖိုးက Database ထဲမှာ ပါဝင်တဲ့ ဒေတာတွေပါပဲ။ ဒါကြောင့် ခုလိုအချိန်မှာ ဒေတာတွေကို ရှင်းလင်းပြီး အကောင်းဆုံးပြင်ဆင်ထားသင့်ပါတယ်။

Productivity တိုးလာဖို့ Calendar, Email နဲ့ Office Systems တွေကို Integrate လုပ်နေကြတယ်

         ကုမ္ပဏီတော်တော်များများရဲ့ CRM, Email နဲ့ Calendar တွေက တသီးတခြားစီရှိတတ်ကြပါတယ်။ Work From Home လုပ်ကြတဲ့အခါမှာ ဖုန်းခေါ်ဆိုမှု ဒေတာ၊ မှတ်စုတွေ၊ E-mail History၊ ကြိုချိန်းထားတဲ့ Appointment တွေ၊ အစည်းအဝေးတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ပျောက်ဆုံးနိုင်ချေက မြင့်တက်လာပါတယ်။ ဒီလို Issue တွေကို လျော့နည်းစေဖို့ Office System တွေ အားလုံးကို CRM နဲ့ ဖြည်းဖြည်းချင်း Integrate လုပ်သွားဖို့ပါပဲ။ ကုမ္ပဏီမှာရှိတဲ့သူတွေ အကုန်လုံးနီးပါးက ဒီလိုဒေတာတွေက Centralized System တခုတည်းကို မျှဝေသုံးစွဲကြတဲ့အခါမှာ Prospect တွေ၊ Customer တွေ ဒါမှမဟုတ် အဖွဲ့အစည်းထဲက တယောက်ယောက်အကြောင်းကို ဆွေးနွေးကြတဲ့အခါမှာ လွတ်သွားတာ၊ သတင်းအချက်အလက် မရလိုက်တာမျိုးတွေ မရှိနိုင်တော့ပါဘူး။
          အခုကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို နောက်ထပ် လအနည်းငယ်ကြာအထိ ရင်ဆိုင်ရဖို့ အလားအလာရှိနေပါတယ်။ အကောင်းဆုံး Run နိုင်ခဲ့ပြီး CRM လို နည်းပညာတွေကို အပြည့်အဝအသုံးချနိုင်ခဲ့တဲ့ လုပ်ငန်းတွေကတော့ ဒီကနေ အတွေအကြုံအများအပြားရနိုင်ပါတယ်။ စိန်ခေါ်မှုတွေကိုကျော်လွှားရာမှာ CRM System ရဲ့ Advantage တွေကို အပြည့်အဝအသုံးချနိုင်ဖို့ CRM System အကြောင်း အသေးစိတ် သိရှိလိုပါက…

Contact us

B360 Digital

📲 09453666696

🌐 www.b360mm.com

🏢 No 15, Yankin Street, Sanchaung Township , Yangon

inbound lead
Don't Forget to Share this Post

Related Articles