ဘာကြောင့် COVID-19 ဂယက်မှာ သင့်လုပ်ငန်းအတွက် E-Learning လုပ်ဖို့ လိုတာလဲ ?

Written By B360 Team
Myanmar Online Learning Management System

COVID-19 ဂယက်ကာလမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ ကုမ္ပဏီအများစုက သူတို့ရဲ့ ဝန်ထမ်းတွေကို ကော်ပိုရေးရှင်းသင်တန်းတွေပေးရာမှာ eLearning tool တွေ၊ Learning Management System တို့ကို အသုံးပြုလာကြပါတယ်။ အခုလို ကျန်းမာရေးအကျပ်အတည်းကာလမှာ ဝန်ထမ်းတွေကို ဖြစ်နိုင်ရင် အိမ်မှာပဲ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် COVID-19 ကူးစက်မှုတွေ လျှော့နည်းစေရန်နဲ့ ကိုယ့် ဝန်ထမ်းတစ်ဦးချင်းစီရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို အဓိကထား ပိုလုပ်လာကြဖို့လိုပါတယ်။ အဖွဲ့အစည်းအတော်အများမှာ ဝန်ထမ်းတွေ တစ်ဦးနဲ့ တစ်ဦး ထိတွေ့ဆက်ဆံမှုတွေ မရှိစေဖို့အတွက် Virtual Platform တွေကို ပိုအသုံးပြုလာကြတယ်။ ဒီအချိန်မှာ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ မလျှော့ကျစေဖို့အတွက်လည်း Employee Training တွေကို ပုံမှန်ပြုလုပ်လာကြပါတယ်။ Online Learning Management System တွေ Training တွေကို အချိန်ပြည့်လေ့လာနိုင်ဖို့အတွက် အဆင်ပြေဆုံးပဲ ဖြစ်ပါတယ်။

COVID-19 ဂယက်ကြောင့် ဝန်ထမ်းတွေ ဘယ်နေရာမှာ ဘယ်လို အလုပ်လုပ်ပြီး ကော်ပိုရေးရှင်းသင်တန်းတွေ ဘယ်လိုလေ့လာကြမလဲဆိုတာကို အောက်မှာ ဆက်လက်ဖတ်ရှုပါ။

ဒီလို COVID-19 နဲ့ ပတ်သက်တဲ့ ကိစ္စတွေဖြစ်နေတဲ့အချိန်မျိုးမှာ ဖုန်းတစ်လုံးနဲ့ လေ့လာသင်ယူနိုင်တာက ကုမ္ပဏီတိုင်းအတွက်လွယ်ကူတဲ့ အရာတစ်ခုဖြစ်လာပါတယ်။ အင်တာနက် ရှိရုံနဲ့ ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် ဖုန်းတစ်လုံးနဲ့ အလွယ်တကူ သင်ယူနိုင်တယ်။

1. ဝန်ထမ်းတွေအတွက် အထောက်အကူဖြစ်စေတဲ့ Mobile E-Learning

ဒီအချိန်မှာ Mobile ပေါ်က Learning လုပ်တာဟာ တော်တော်ကို အကျိုးရှိပါတယ်။ COVID-19 ကြောင့် အိမ်မှာ အလုပ်တွေလုပ်နေတုန်းမှာ Laptop တွေ Error တက်တာမျိုးဖြစ်ခဲ့ရင် ဖြစ်စေ၊ အခြားသော အနှောင့်အယှက်တွေကြောင့် မသုံးနိုင်တဲ့အခါမှာ ဖုန်းနဲ့ အစားထိုး သင်ယူနိုင်ပါတယ်။ အခုခေတ်မှာတော့ Learning Platforms တော်တော်များများ တွေမှာ Mobile Phone ကိုပါ Support ပေးလာတဲ့အတွက် လေ့လာလိုသူတွေအတွက် အဆင်ပြေပါတယ်။

2. ကော်ပိုရေးရှင်းသင်တန်းတွေကို Online Social Learning ကနေ ဘယ်လိုပိုစိတ်ဝင်စားစေနိုင်လဲ ?

တကယ်လို့ သင့်ဝန်ထမ်းက Live Training (သို့) Blended Training (Online ကနေ တစ်ဦးချင်းစီ သင်ပေးတာ) တို့ကနေ လေ့လာမယ့်အခါ အဲ့ Online Training က ငြီးငွေ့စရာကောင်းလာမှာပဲ ဖြစ်တယ်။ ဒါကြောင့် သင်တန်းပို့ချသူ (ဆရာ) တွေ၊ တခြားလုပ်ဖော်ကိုင်ဖက် လေ့လာသူတွေနဲ့ ရင်းနှီးမှုရနေဖို့ Social Learning လုပ်ဖို့လိုပါတယ်။ ဒါမှသာ Training မှာ လေ့လာသင်ယူရတာ စိတ်ဝင်စားနေမှု အပြည့်အဝရှိနေမှာပဲ ဖြစ်တယ်။ Mobile Learning, Social Learning တွေကလည်း e-Learing Platform တွေပဲ ဖြစ်ပါတယ်။

3. Online Learning လုပ်ပြီး ဘာတွေ တိုးတက်ပြောင်းလဲလာနိုင်လဲ ?

Online Learning Training လုပ်ပြီးတဲ့နောက်မှာ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင် စွမ်းရည်တွေ သိသိသာသာတိုးတက်လာမယ့်အပြင် ကုမ္ပဏီအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရလာမှာလည်း ဖြစ်တယ်။ COVID-19 ဂယက်အတွင်းက ထို Online Learning တွေက မကြာခင်အချိန်များထိ ရေပန်းစားလာနိုင်မှာ ဖြစ်တယ်။ Learning Management System တွေကနေ ဝန်ထမ်းတွေရဲ့ တိုးတက်မှုနဲ့ ကုမ္ပဏီပြောင်းလဲလာမှုတွေကို သိနိုင်တဲ့အပြင် ဝန်ထမ်းတွေက အစီရင်ခံစာ Reporting တွေကိုပါ ကောင်းမွန်စွာ လုပ်လာနိုင်မှာ ဖြစ်တယ်။

သင့် ကုမ္ပဏီအတွက် အသင့်တော်ဆုံး ဖြစ်စေမယ့် Online Learning

B360 Learning Managment System Myanmar-1

COVID-19 ဂယက်ကြောင့် လုပ်ငန်းခွင်တွေမှာ eLearning တွေက ပိုအရေးပါလာပါတယ်။ E-Learning မလုပ်ဘူးဆိုရင် Work From Home လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းရည်တွေကို လျှော့ကျနိုင်မှာပဲ ဖြစ်တယ်။ Mobile Learning, Social Learning နဲ့ Reporting and Analytic စတဲ့ Online Learning တွေကြောင့် ဝန်ထမ်းတွေ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သေချာလိုက်နာနိုင်မှာ ဖြစ်ပြီး လုံလောက်တဲ့ ကျွမ်းကျင်မှုတွေနဲ့ ကုမ္ပဏီကို ဆက်လက်လည်ပတတ်နိုင်ဖို့အတွက် အထောက်အကူဖြစ်မှာပဲ ဖြစ်ပါတယ်။ သင့်ဝန်ထမ်းတွေရဲ့ စွမ်းရည်တွေ လျှော့မကျစေချင်ဘူးဆိုရင်၊ သင့်ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ တိုးတက်လာစေဖို့အတွက် အကောင်းဆုံး Value ပေးနိုင်တဲ့ B360 ရဲ့ Online E-Learning ကို အခုပဲ ရယူလိုက်ပါ။

Learn More About Service
Don't Forget to Share this Post

Related Articles