COVID-19 ကာလမှာ သင့်လုပ်ငန်းကို ရှေ့ဆက်သွားနိုင်မယ့် နည်းဗျုဟာ

Written By B360 Team
Digital-Marketing-blog

Covid-19 ဖြစ်ချိန်အတွင်း Digital Marketing လုပ်သင့်တဲ့ အချက် ၅ ချက်

Covid-19 ကြောင့် စီးပွားရေးအခက်အခဲဖြစ်နေချိန် လုပ်ငန်းတွေအားလုံးရပ်ဆိုင်းထားရတာ အားလုံးသိပြီးသားဖြစ်ကြမှာပါ။ တချို ့business တွေအနေနဲ့ဆို ခုမှ အစပျိုးပြီး ရောင်းအားတွေတက် Next step ကို growth ဖို့ပြင်နေပေမယ့် ခါးကရိုက်ချိုးခံလိုက်ရသလိုမျိုး တချို.့business တွေဆို ဝန်ထမ်းအင်အားပြည့် အချိန်ပြည့် အဆင်ပြေနေတဲ့အနေအထားကနေ ဝန်ထမ်းတွေလျော့ချရ လခတွေပေးဖို့နောက်ဆုတ်ရတာမျိုး အခက်အခဲတွေကြားက ရုန်းကန်နေရပါတယ်။ သင်ကလဲ လုပ်ငန်းရှင်တစ်ယောက်ဆို ဒီလို အခက်အခဲမျိုးတွေကြားကကြုံနေရရင်ဖြစ်စေ မကြံရသေးရင်ဖြစ်စေ စိတ်ဓာတ်ကျ အားလျော့လိုက်ဖို့မတွေးပါနဲ့။ ဖြစ်တဲ့ နည်းလမ်းကနေ Digital Marketing ကို ယခုအချိန်မှာ ပြုလုပ်ပြင်ဆင်ထားခြင်းက ဘယ်လောက်ထိ ကိုယ့် business ကို နောင်တချိန်မှာ ပြောင်းလဲစေမလဲဆိုတာ သိရဖို့၅ မိနစ်စာပဲ အချိန်ပေးဖတ်ကြည့်လိုက်ပါ။

1.V-shape စီးပွားရေးအခြေအနေအရ လုပ်ငန်းလက်ဦးမှုရယူထားနိုင်ခြင်း

V-Shape Recession

Vshape recession

V-Shape Recession ဆိုတာက စီးပွားရေးအခြေအနေတစ်ခုဟာ အခြေအနေတစ်ရပ်ကြောင့်ထိုးဆင်းသွားပြီး ခဏတာပဲ crisis ဖြစ်သွားချိန် v-shape မျည်းလို ကျနေရာကနေ အပေါ်ကို ပြန်တက်သွားတဲ့ recession အမျိုးအစားပါ။ လက်တွေ့ဥပမာပြရမယ်ဆို China ဟာ V-shape Recession အမျိုးအစားမှပါပါတယ်။ ရောဂါပိုး စဖြစ်တယ်။ ပိုးကို အချိန်မှီ ကန့်သတ်ထိန်းချုပ်နိုင်လိုက်ပြီး စီးပွားရေးကို ချိန်ကိုက် အပေါ်ပြန်ဆွဲတင်နိုင်ခဲ့ပါတယ်။

အခုဆိုရင် china ဟာ နိုင်ငံတကာကိုဆေးပစ္စည်းတေါ လှုဒါန်းပေးပို့ရုံမက other medical accessories တွေကိုပါ တင်ပို့နေရပါပြီထိုအခြေအနေကနေ သင်ခန်းစာယူရမှာက ကျနော်တို့busienss တွေဟာ အခုအချိန်မှာ V-shape အရ downsize ဆင်းနေချိန်ပါ ပြိုင်ဘက်တွေအားလံးရပ်နေချိန် ကျနော်တို့က business ကို service, selling , marketing ပိုင်းတွေကို Digitally ကကော offline အတွက်ပါ သေချာပြင်ဆင် အားယူထားခြင်းက V-shape သဏ္ဍန် ကျနေရာက ပြန်တက်တဲ့အခါ သူများလုပ်ငန်းတွေထက် Ready ဖြစ်မယ်ဆိုတာ ကျိန်းသေပြောလို့ရတဲ့ အရာပါပဲ။

2. ကြော်ငြာပြိုင်ကွင်းကြီးထဲ စိတ်အေးလက်အေး ရှေ့ကြိုပြေးထားနိုင်ခြင်း

ဒီအချိန်လောက် Digital Marketing အလုပ်သင့်ဆုံးအချိန်ဟာ ဒီအချိန်ကလွဲရင် အခြားမရှိဘူးဆိုတဲ့ အချက်ကို ကြော်ငြာခတွေ စျေးသက်သာနေတာက သက်သေပြနေပါတယ်။ paid media များရဲ့သဘောသဘာဝဟာ အခြား Business တွေက Advertising ကို ပိုက်ဆံများများသုံးပြီးအပြိုင်အဆိုင်ပြကြလေ တနိုင်တပိုင် advertise လုပ်ဖို့လုပ်ငန်းလေးတွေရဲ့ Money Amount Spend က Digital ပေါ်မှာထိရောက်မှုနည်းလေပါပဲ။ အခုအချိန်မှာတော့ ဒီလိုမရှိတော့ပါဘူး။ လုပ်ငန်းတွေအားလုံးက ads တွေရပ်ထားကြသလို Digital marketing ပိုင်းကို လျှော့ထားကြချိန်မှာ။ ဒီအချိန်မှာ ကြော်ငြာခ စရိတ်အသက်သာဆုံးနဲ့ပြိုင်ဘက် Business တွေ ငြိမ်သက်နေချိန် ကိုယ့် Business ကို ပုံစံပြောင်းလဲကြော်ငြာပြီး Digital Marketing ကို အားစိုက်ခြင်းက အခွင့်အလမ်းကောင်းတစ်ရပ်ဆို တာ ပြောနေဖို့လိုမယ်မထင်ပါဘူး။

3.Content consume rate တွေမြင့်တက်လွန်းနေခြင်း

ကျနော်တို့costumers တွေရဲ့ Attention ဟာ ဒီလိုအချိန်မှာ ဘယ်မှလဲသွားမရ အိမ်ထဲမှာပဲ Content တွေထိုင်စားသုံးနေကြချိန်ပါ။ ပြောရမယ်ဆို ဘယ်မှလဲသွားစရာမရှိ အဖော်ပြုစရာ ဖုန်း နဲ့social media ပဲရှိတော့တဲ့အချိန် လူတွေမျက်စိရှေ.့မှောက်ကို ကိုယ့် brand အကြောင်းကို ထူးခြားပြောင်မြောက်စွာ တင်ဆက်ပေးတာ ကိုယ့် customer တွေလိုအပ်မယ့် value post တွေဖန်တီးပေးတာက ဒီအချိန်မှာ brand awareness အတွက် digital marketing ကို အသုံးပြုပြီး ဆွဲတင်ဖို့ အကောင်းဆုံးအချိန်တစ်ခုပါပဲ။

4.Digital ပေါ်မှာရှိသင့်ရှိထိုက်သည်များကိုပြင်ဆင်ထားချိန်ရရှိခြင်း

အရင်အချိန်တုန်းက ကိုယ်က website မလုပ်ရသေးဘူး Chat bot တွေလဲ လုပ်ချိန်မရသေးဘူး google ads တွေဘက်လဲ မသွားနိုင်သေးဘူး။ တွေနဲ့အချိန်တွေကုန်ခဲ့လဲ ယခုအချိန်ဟာ ကိုယ့် business ရဲ့ digital အတွက်ရှိသင့်တာတွေ အပြင်ဆင်သင့်ဆုံးအချိန်ပါ။ Grab-food , Food2U , Hi-so mall စသည်များ website ရှိခြင်းကြောင့် တစ်နေ့ကို ရာချီတဲ့ order တွေတက်နေပါပြီ။ Online doctor chat bot တွေနဲ့အခြား ဆေးရုံ ဆေးခန်းတွေ Customer တွေကို မပြတ် caring လုပ်နေပါပြီ။

ကိုယ်ကကော ဒီအတိုင်းလက်ရှိ အခြေအနေမှာ ဘာမှ ဆက်မတိုးချဲ့ပဲ သူများတွေလိုဆုံးမလား ဆက်တိုးချဲ့မလား? ဆိုတာကတော့ Smart ဖြစ်တဲ့ Business Owner တွေရဲ. အမူအကျင့်ကပဲအဆုံးဖြတ်ပေးသွားမှာပါ။

5.Customer Behaviors Change အရတစ်ပါတည်း ကိုယ့် business ကိုအဆင့်သင့်ဖြစ်စေခြင်း

COVID-19 ပြီးချိန်မှာ ကျနော်တို့ကော ကျနော်တို့customer တွေကပါ အလေ့အကျင့်ရသွားမှာက Online ပေါ်ကနေ ဘယ်အရာမဆို ဝယ်ယူတတ်သွားမယ့်အလေ့အကျင်ပါ။ ယခုအချိန်ကအလိုအပ်ဆုံး Necessity တွေဖြစ်တဲ့ အစားအသောက်လုပ်ငန်းတွေကိုပဲ လူတွေက အမှာများကြပေမယ့် အချိန်တစ်ခုထိ COVID-19 ကကြာလာတဲ့အခါ ကိုယ့် product or service က digital ပေါ်ကနေ delivery နဲ့တကွ serve မလုပ်နိုင်ရင် နောက်ကျကျန်မှာပါပဲ။ ပြောင်းလဲလာတဲ့ customer behaviors က သင်ဘယ်လောက်ပဲ Offline မှာ ရောင်းကောင်းခဲ့ပါစေ online ကနေ ဖန်တီးပေးနိုင်မယ့် value မရှိသမျှ သင့် product or service ကို မဝယ်ယူနိုင်ဘူးဆိုတာ သတိထားမိပါ။ ဒါ့အပြင် ယခုအခြေအနေကြီးပြီးတဲ့အခါ ပြောင်းလဲသွားတဲ့ customer တွေရဲ့ စျေးဝယ်စနစ်နဲ့ပါဝင်ခွင်ကျရှိစေဖို့digital marketing ဟာ မလုပ်မဖြစ်အလုပ်သင့်ဆုံး investment တစ်ခုဆိုတာ ပြောကြားရင်း COVID-19 အခက်အခဲကို အားလုံကျော်လွှားနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ဗျာ။

Learn More About Service
Don't Forget to Share this Post

Related Articles